Tuesday, July 17, 2012

နိုင်ငံရေး

နိုင်ငံရေး နှစ်မျိုး ရှိသည်တဲ့။ တစ်ခုက ပါတီနိုင်ငံရေး တစ်မျိုးက အမျိုး နိုင်ငံရေး။ ဘယ်အရာက အမှန်ဖြစ်သည်ကို မည်သူမျှမသိနိုင် ။ သေချာသည်က ကိုယ်ကျိုးရှာ နိုင်ငံရေးနှင့် ကိုယ်ကျိုးမရှာ နိုင်ငံရေး ရှိသည်ဟု ဦးဝင်းချို ( လတ်တလော အိုးအိမ်ရုံးရှေ့ တွင် ဆနပြနေသူ ကပြောဖူးသည်။ သူဘယ်ကသိခဲ့သည်မသိ။ လက်ခံနိုင်စရာ ရှိသည်။ ဖြစ်နိုင်သည်ဟု ဆိုရမလိုပင်။
အဲသည့်ကိစ ကိုထားတော့ ဗိုလ်ချုပ်အောင်ဆန်းက လည်း ရေးဖူးသည် နိုင်ငံရေ အမျိုးမျိုး ရှိသည်တဲ့။
ကျနော်တို့ ခောတ်တွင် ဘာမသိ ညာမသိ နိင်ငံရေးတွေ လုပ်ခဲ့ရသည်။ ယခု တွင် ပါတီနိုင်ငံ ရေး တွင်ပါဝင်သောလူတစ်ချို့ (လွတ်တော်ကိုယ်စားလှယ်) က လွတ်တော်တွက်မေးခွန်းများ မေးနေကြသည်။
မည်သည့် မြို့ နယ် တွင် တံတားကျိုးနေသည်။ ပြင်ပေးရန်အစီအစဉ် ရှိပါသလား။ မည်သည့်နေရာတွင် ဆရာဝန်လစ်လစ်နေသည် ခန့်ပေးမှာလား တဲ့ ။  ကျောင်းဆောက်ပေးရန်အစီအစဉ်ရှိပါသလား
စသည်ဖြင့် မေးခွန်းများကို သက်ဆိုင်ရာ ၀န်ကြီးဌာနတွေ ထံ မေးနေကြသည်ကိုတွေ့ရသည်။
အမှတ်တမဲ့ကြည့်လျှင် ပြည်သှူု့ အကျိုး ပြုလုပ်ငန်းတွေ ကို အကောင်အထည်ဖော်နေသယောင်။
ထိုအရာကို လွှတ်တော်တွင်းနိုင်ငံရေး လွှတ်တော်ပြင်ပနိုင်ငံရေး စသဖြင့် ကြားသိနေရသည်။
သို့သော်
လွှတ်တော် ကိုယ်စားလှယ်များ၏ တာဝန်မှာ ဥပဒေပြုရေးမဟုတ်ပါလော
လွှတ်တော် က ပြဌာန်းသော ဥပဒေများကို အစိုးအရအဖွဲ့ဖြစ်သည် နိုင်ငံတော် သမတနှင့် ၀န်ကြီးဌာနအသီးသီးမှ သက်ဆိုင်ရာကဏ္ဍအသီးသီးတွင် ဥပဒေနှင့်အညီ ဆောင်ရွက်ရသည်မဟုတ်ပါလော
ထိုအပြင် ပြဌာန်းပါအတိုင်းဆောင်ရွက်ခြင်းမရှိလျှင် တရားစီရင်ရေးအာဏာ ဖြင့် ထိန်ကြောင်းရသည်မဟုတ်ပါလော
အာဏာသုံးရပ် ကို အပြန်အလှန်ထိန်ကျောင်းလျက် နိုင်ငံတော် ကို တည်ဆောက်ရသည်မဟုတ်ပါလော။
ထိုသို့ မဟုတ်ပါပဲ သက်ဆိုင်ရာ ၀န်ကြီးဌာနများကို ဟိုဟာ လုပ်ပေးပါ သည်ဟာလုပ်ပေးပါ ဟိုဟာလုပ်ပေးရန် အစီအစဉ် ရှိသလား ဒီဟာလုပ်ပေးရန် အစီစဉ်ရှိသလား ဆိုသော ကလေးဆန်သောမေးခွန်းများသည် လွှတ်တော် ကိုယ်စာလှယ်များ ၏ တာဝန် ဟုတ်ပါ၏လား ဟု သံသယ ဖြစ်မိပါသည်။

No comments:

Post a Comment